Photo
Video
Audio
File
အဘယ်ကဲ့သို့သော အမှုရောက်သည်ဖြစ်စေ အစဉ်ဝမ်းမြောက်သော အသက်တာ

Video Playlist

 

အဘယ်ကဲ့သို့သော အမှုရောက်သည်ဖြစ်စေ အစဉ်ဝမ်းမြောက်သော အသက်တာ

Sermon From - Saranum Lashi Hkawn Awng Bible Passage - ၂ေကာ ၆:၄-၁၀ | ဖိလိပၸိ ၁:၁၉-၂၀ | ေဟၿဗဲ ၄:၁၂

၂ကော ၆:၄-၁

ညှဉ်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သောဘေးဥပဒ်နှင့် တွေ့ခြင်း၊
အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတပါးရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို အလွန်သည်း ခံလျက်၊
စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံခြင်း၊ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း၊
သမ္မာတရားကိုဟောခြင်း ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သော အကျင့်တည်းဟူသော လက်နက်များကိုလကျ်ာဘက် လက်ဝဲဘက်၌ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊
အသရေထင်ရှား ခြင်းနှင့် ရှုတ်ချခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကိုခံသဖြင့်၎င်း၊ လှည့်စားသောသူကဲ့သို့ဖြစ်သော်လည်း၊ ဟုတ်မှန်သောသူ၊
အဘယ်သူမျှ မသိသောသူကဲ့သို့ဖြစ်သော်လည်းကျော်စောသောသူ၊ အသေခံသောသူကဲ့သို့ဖြစ်သော်လည်း၊ အသက်ရှင်သောသူ၊ ဆုံးမခြင်းကိုခံသောသူ ကဲ့သို့ဖြစ်သော်လည်း၊ အသေသတ်ခြင်းနှင့်ကင်းလွတ်သောသူ၊
၁၀ ဝမ်းနည်းသောသူကဲ့သို့ ဖြစ်သော်လည်း၊ အစဉ်ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း၊ လူများကိုရတတ်စေသောသူ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ ဖြစ်သော်လည်း၊ အလုံးစုံတို့ကိုပိုင်သောသူ ဖြစ်သဖြင့်၎င်း၊ ဘုရားသခင် ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြကြ၏။
၁၁ အချင်းကောရိသုလူတို့၊ ငါတို့နှုတ်သည်သင်တို့အားဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်းကျယ်ဝန်း၏။

ဖိလိပ္ပိ ၁:၁၉-၂၀

၁၉-၂၀ အဘယ်သို့နည်း ဟူမူကား၊ ငါသည်အလျှင်းရှက် ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှားတော်မူသကဲ့သို့၊ ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တ သည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။

ဟေဗြဲ ၄:၁၂

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။
၁၃ ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာ တစုံတခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ် အကာမရှိဘဲ၊ မျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏။