Photo
Video
Audio
File
ယုဘိလနှစ်

Video Playlist

 

ယုဘိလနှစ်

Sermon From - Sara Zinghang Gam Htung Bible Passage - ၀တ်ပြုရာကျမ်း ၂၅-၉ ၊ ၂၃-၃၈

၉ –  ငါးဆယ်မြောက်သော နှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။

၂၃ မြေကိုသူတပါးအစဉ်ပိုင်းစေခြင်းငှါ မရောင်းရ။ မြေသည်ငါဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌တည်း သောဧည့်သည် အာဂန္တုဖြစ်ကြ၏။
၂၄ သင်တို့သည် မြေကိုပိုင်လေရာရာ၌ ရွေးနှုတ်ရသောအခွင့်ကို ပေးရကြမည်။
၂၅ သင်၏ အမျိုးသား ချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကိုရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော်ရောင်းသောဥစ္စာကို ရွေးနှုတ်ရသောအခွင့် ရှိရမည်။
၂၆ ထိုမြေကိုရွေးနှုတ်သောသူ တယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ် နိုင်လျှင်၊
၂၇ မိမိမြေသို့ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကိုရေတွက်ပြီးမှ၊ လိုသေးသောအဘိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။
၂၈ ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့ သောဥစ္စာကို ယုဘိလနှင့် တိုင်အောင် ဝယ်သောသူလက်၌ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်း လက်သို့ရောက် စေရမည်။
၂၉ မြို့ထဲ၌ရှိသောအိမ်သို့ အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်း ရွေးနှုတ်သောအခွင့်ရှိစေရမည်။
၃၀ တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြ မည်။ ယုဘိလနှစ်ရောက် သော်လည်း လက်မလွှတ်ရ။
၃၁ မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍ ရွေးနှုတ်ရသောအခွင့်ရှိ၏။ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ်ရမည်။
၃၂ သို့ရာတွင် လေဝိသားပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလ အချိန် မဆိုဘဲ ရွေးနှုတ်ရသောအခွင့်ရှိ၏။
၃၃ လေဝိသားပိုင်သောမြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလလူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ်နေရာမြို့ အိမ်မှတပါး အခြားသောဥစ္စာမရှိ။
၃၄ သို့သော်လည်း၊ လေဝိသားမြို့သားနယ်၌ရှိသောလယ်ယာတို့ ကိုမရောင်းရ။ အစဉ်အမြဲပိုင်ရမည်။
၃၅ သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တပါးအမျိုးသားဧည့်သည် အာဂန္တုကဲ့သို့  ဖြစ်လျှင်၊ သင့်ထံမှာ နေစေခြင်းငှါသူ့ကို မစရမည်။
၃၆ သူ၌အတိုးအပွါးကို မယူရ။ သင်၏အမျိုး သားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ဘုရားသခင်ကို ကြောက်ရွံ့လော့။
၃၇ အတိုးအပွါးကို မြော်လင့်၍ငွေကို၎င်း၊ စားစရာကို၎င်း၊ သူ၌မချေးမငါှးရ။
၃၈ ငါသည်ခါနာန်ပြည်ကို သင်တို့အား ပေး၍၊ သင်တို့၏ဘုရားသခင်ဖြစ်အံ့သောငှါ၊ သင်တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောသင်တို့၏ ဘုရားသခင် ထာဝရဘုရားသခင်ဖြစ်၏။