Photo
Video
Audio
File
တံခါးပေါက်မှ ဝင်သော သိုးများ ဖြစ်ကြပါစို့

Video Playlist

 

တံခါးပေါက်မှ ဝင်သော သိုးများ ဖြစ်ကြပါစို့

Sermon From - Rev. Dahkum Yawsep Bible Passage - ရှင်ယောဟန် ၁၀:၁-၂၁

ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင် အခြားလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးထားပြဖြစ်၏။
သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။
ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည်မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ထုတ် ဆောင်တတ်၏။
သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။
မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူ နောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည် ဟုမိန့်တော်မူ၏။
ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိတ်သတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိ ပ္ပါယ်ကို နားမလည်ကြ။
ထိုကြောင့်တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။
ငါ့ရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကား သံကို သိုးတို့သည် နားမထောင်ကြ၊
ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။
၁၀ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။
၁၁ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။
၁၂ သိုးများကို ပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာ သည်ကို မြင်လျှင်၊ သိုးတို့ကိုပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကိုလုယက်၍ ကွဲလွင့်စေ၏။
၁၃ သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။
၁၄ ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
၁၅ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။
၁၆ ဤသိုးခြံသို့ မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။
၁၇ ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။
၁၈ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရ သောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။
၁၉ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။
၂၀ လူများတို့က သူသည်နတ်ဆိုးစွဲ၍ အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။
၂၁ အချို့တို့က သူစကားသည် နတ်ဆိုးစွဲသောသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသော သူတို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟု ဆိုကြ၏။