Photo
Video
Audio
File
“ခရစ်တော်ဉ် တည်ကြည်လျက် သွေးဆောင်ဖြားယောင်းခြင်းမှ ကင်းဝေးစေ”

Video Playlist

 

“ခရစ်တော်ဉ် တည်ကြည်လျက် သွေးဆောင်ဖြားယောင်းခြင်းမှ ကင်းဝေးစေ”

Sermon From - Sara. Sabaw Gum Ja Awng Bible Passage - ၂ကော ၁၁:၁-၄ / ကောလောသဲ ၂:၄-၁၀

 

ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။
အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်ဆံ အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက်နေ၏။
မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့မဟော မပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။

၂ကော ၁၁:၁-၄

 

အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤစကားကို ငါပြောဆို၏။
ငါသည်ကိုယ်ခန္ဓွာ အားဖြင့် သင့်တို့နှင့်ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာယုံကြည်သည်ကို၎င်း မြင်လျှင်ဝမ်းမြောက်ခြင်းရှိ၏။
ခရစ်တော်၏ တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကိုအဘယ်သူမျှမလုယူ မဖျက်မဆီးစေခြင်းငှါ သတိ ပြုကြလော့။
အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ် ထင်ရှား၍ကျိန်းဝပ်တော်မူ၏။
၁၀ အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသောထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။

ကောလောသဲ ၂:၄-၁၀