Photo
Video
Audio
File

Video Playlist
ကျွနုပ်ကိုထောက် မ တော်မူသော ဘုရား သင်အဘယ်မှာ ရှိနေပါသနည်း
၂၆ သင့်ကိုပြုစုစေခြင်းငှာ ဘုန်းအားနုဘော်နှင့်ပြည့်စုံလျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။
၂၇ ရှေ့ဦးစွာသော ဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကိုဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
၂၈ ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုးတည်းနေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည်လည်း စက်စက်ကျလိမ့်မည်။
၂၉ အိုဣသရေလအမျိုး၊ သင်သည်မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသော အမျိုး၊ သင်နှင့်အဘယ်သူတူသနည်း။ ထိုဘုရားသည် သင့်ကိုကွယ်ကာသောဒိုင်းလွှာ သင့်ကိုမြှောက်သော ထားလက်နက်ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည်သူတို့၏ မြင့်မြတ်သော အရပ်တို့၌ နင်းရလိမ့်မည်ဟု မြွက်ဆို၏။